lifestyle

မင္းသမီးတစ္ေယာက္အေနနဲ႔ မီလီယံနာဘဝကေန ခြၽတ္ၿခဳံက်ေအာင္ မြဲသြားခဲ့တဲ့ မင္းသမီးေလး ဘင္းဘင္း

တ႐ုတ္မင္းသမီးေလး ဖန္ဘင္းဘင္းကေတာ့ ပရိသတ္ေတြ ရင္းႏွီးၾကတဲ့ ၊ ျမင္ဖူးေနၾက ျဖစ္တဲ့ တ႐ုတ္ျပည္ရဲ႕ သ႐ုပ္ေဆာင္ မင္းသမီးေလး ျဖစ္ပါတယ္။

 

1981ခုႏွစ္ ၊ စက္တင္ဘာလ(၁၆)ရက္ေန႔ မွာ ေမြးဖြားခဲ့ၿပီး 1998–1999 ခုႏွစ္မ်ားအတြင္းမွာ သ႐ုပ္ေဆာင္မင္းသမီး ဘဝနဲ႔ TV-series ေတြ မွာ စတင္ သ႐ုပ္ေဆာင္ ခဲ့ပါတယ္။

အာရွတြင္ ေက်ာ္ၾကား႐ုံမကပဲ 2014 ခုႏွစ္မွာေတာ့ X-Men: Days of Future Past (2014) ဆိုတဲ့ ဇာတ္လမ္းမွာ Blink ဆိုတဲ့ Superhero ဇာတ္ေကာင္ကိုရရွိကာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေဟာလီဝုဒ္႐ုပ္ရွင္ေလာကမွာပါ ေျခဆန႔္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အႏုပညာသ႐ုပ္ေဆာင္ေၾကးအျမင့္ဆုံးမင္းသမီး တစ္လက္ ျဖစ္သလို လက္ရွိမွာ သူမရဲ႕ Fans ေတြရဲ႕ ထြက္ဆိုခ်က္အရ အေမရိကန္ေဒၚလာ သန္းေပါင္း($100 million) ခ်မ္းသာတယ္လို႔ ၾကားသိခဲ့ရပါတယ္။

သူမဘဝမွာ ေအာင္ျမင္ဖို႔ အခက္အခဲ ေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့ရၿပီး အေျမာင္မယား၊ ေငြခ်ဴသူ ၊တိတ္တိတ္ပုန္း ကေလးေမြးထားသူ၊ ေအာင္ျမင္မႈကို ခႏၶာကိုယ္ျဖင့္ ဝယ္ယူသူ စသျဖင့္ မေရတြက္ႏိုင္ေသာ အပုပ္ခ်သတင္း မ်ားၾကား႐ုန္းကန္ ကူးခတ္ခဲ့ရသည္။

သို႔ေပမဲ့ လည္း တဖက္တြင္ သူမသည္ မိဘကို လုပ္ေကြၽးေနသည့္ သမီးေကာင္းလိမၼာေလး ျဖစ္သလို ဘင္းဘင္းဟာ ျပည္သူေတြကို ေခြၽးသိပ္ကာ ရသမ်ိဳးစုံ ေပးႏိုင္ခဲ့တဲ့ သ႐ုပ္မင္းသမီးတစ္ေယာက္ ျဖစ္ပါတယ္။

ဒီႏွစ္ စက္တင္ဘာ(၁၆) ရက္မွာေတာ့ ဘင္းဘင္းဟာ အသက္(၃၇) ႏွစ္ ျပည့္ခဲ့ၿပီး ျဖစ္သလို မႏွစ္က သူမရဲ႕ ေမြးေန႔မွာေတာ့ သူမရဲ႕ ခ်စ္သူကလက္ထပ္ခြင့္ေတာင္းခဲ့ၿပီး ဒီႏွစ္ေမြးေန႔ကေတာ့ ကံဆိုးခဲ့တဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုရမွာပါ။

မီလီယံနာ ၊ အႏုပညာပညာေၾကး အျမင့္ဆုံး မင္းသမီး ဘင္းဘင္းက ခုခ်ိန္မွာ ဘာမွ မရွိေတာ့ေအာင္ မြဲသြားခဲ့သလို ကံၾကမၼာႀကီးကလည္း မ်က္လွည့္ျပေနခဲ့သလိုပါပဲ။

တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒ အရ မင္းသမီးတစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္စီတိုင္းမွာလည္း ထမ္းေဆာင္ရမဲ့ အခြန္ရွိသလို သူမကို အခြန္ေရွာင္မႈနဲ႔ သတင္းမ်ားထြက္ေပၚကာ စြပ္စြဲခံခဲ့ရၿပီးေနာက္ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ သူမရဲ႕ ပိုင္ဆိုင္မႈ အားလုံးကို ႏိုင္ငံပိုင္သိမ္းယူသြားခဲ့ပါတယ္။

အႏုပညာအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ခြင့္ပိတ္ထားခံရသလို အသက္(၁၈) ႏွစ္သာ ရွိေသးတဲ့ သူမရဲ႕ ေမာင္ေလးျဖစ္တဲ့Fan Chengcheng ဟာလည္း လက္၇ွိမွာ အဆိုေတာ္ တစ္ေယာ္က ျဖစ္လာဖို႔ ႀကီဳးစားေနဆဲ မို႔ လက္ရွိအခ်ိန္မွာ တမိသားစုလုံးရဲ႕ အႏုပညာလုပန္ငန္း လုပ္ပိုင္ခြင့္ ေတြပါ ပိတ္ထားခဲ့ ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘင္းဘင္းဟာ ေပ်ာက္ဆုံးေနသလို တခ်ိဳ႕က သူမ ေထာင္ထဲမွာ၊ အေမရိကန္ႏိုင္ငံမွာ ခိုလႈံေနတာ၊ ေထာင္ကလြတ္ၿပီး တစ္ေနရာမွာပုန္းေအာင္းေနသည္လို႔ လည္း ဆိုၾကျပန္သည္။

လက္ရွိမွာသူမ ဘယ္မွာ ရွိေနမွန္းမသိရသလို သူမရဲ႕ အင္စတာဂရမ္၊ေဖ့ဘုတ္နဲ႔ ဆိုရွယ္ မီဒီယာ အေကာင့္အားလုံးကလည္း ၿငိမ္သက္ေနခဲ့တာ (၃) လေလာက္ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

Unicode

မင်းသမီးတစ်ယောက်အနေနဲ့ မီလီယံနာဘဝကနေ ချွတ်ခြုံကျအောင် မွဲသွားခဲ့တဲ့ မင်းသမီးလေး ဘင်းဘင်း

တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်းကတော့ ပရိသတ်တွေ ရင်းနှီးကြတဲ့ ၊ မြင်ဖူးနေကြ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင် မင်းသမီးလေး ဖြစ်ပါတယ်။ 1981ခုနှစ် ၊ စက်တင်ဘာလ(၁၆)ရက်နေ့ မှာ မွေးဖွားခဲ့ပြီး 1998–1999 ခုနှစ်များအတွင်းမှာ သရုပ်ဆောင်မင်းသမီး ဘဝနဲ့ TV-series တွေ မှာ စတင် သရုပ်ဆောင် ခဲ့ပါတယ်။အာရှတွင် ကျော်ကြားရုံမကပဲ 2014 ခုနှစ်မှာတော့ X-Men: Days of Future Past (2014) ဆိုတဲ့ ဇာတ်လမ်းမှာ Blink ဆိုတဲ့ Superhero ဇာတ်ကောင်ကိုရရှိကာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဟောလီဝုဒ်ရုပ်ရှင်လောကမှာပါ ခြေဆန့်နိုင်ခဲ့သူ ဖြစ်ပါတယ်


တရုတ်နိုင်ငံရဲ့ အနုပညာသရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီး တစ်လက် ဖြစ်သလို လက်ရှိမှာ သူမရဲ့ Fans တွေရဲ့ ထွက်ဆိုချက်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း($100 million) ချမ်းသာတယ်လို့ ကြားသိခဲ့ရပါတယ်။ သူမဘဝမှာ အောင်မြင်ဖို့ အခက်အခဲ ပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အမြောင်မယား၊ ငွေချူသူ ၊တိတ်တိတ်ပုန်း ကလေးမွေးထားသူ၊ အောင်မြင်မှုကို ခန္ဓာကိုယ်ဖြင့် ဝယ်ယူသူ စသဖြင့် မရေတွက်နိုင်သော အပုပ်ချသတင်း များကြားရုန်းကန် ကူးခတ်ခဲ့ရသည်။သို့ပေမဲ့ လည်း တဖက်တွင် သူမသည် မိဘကို လုပ်ကျွေးနေသည့် သမီးကောင်းလိမ္မာလေး ဖြစ်သလို ဘင်းဘင်းဟာ ပြည်သူတွေကို ချွေးသိပ်ကာ ရသမျိုးစုံ ပေးနိုင်ခဲ့တဲ့ သရုပ်မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။


ဒီနှစ် စက်တင်ဘာ(၁၆) ရက်မှာတော့ ဘင်းဘင်းဟာ အသက်(၃၇) နှစ် ပြည့်ခဲ့ပြီး ဖြစ်သလို မနှစ်က သူမရဲ့ မွေးနေ့မှာတော့ သူမရဲ့ ချစ်သူကလက်ထပ်ခွင့်တောင်းခဲ့ပြီး ဒီနှစ်မွေးနေ့ကတော့ ကံဆိုးခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ မီလီယံနာ ၊ အနုပညာပညာကြေး အမြင့်ဆုံး မင်းသမီး ဘင်းဘင်းက ခုချိန်မှာ ဘာမှ မရှိတော့အောင် မွဲသွားခဲ့သလို ကံကြမ္မာကြီးကလည်း မျက်လှည့်ပြနေခဲ့သလိုပါပဲ။ တရုတ်နိုင်ငံရဲ့ ဥပဒေ အရ မင်းသမီးတစ်ယောက်၊ အနုပညာရှင်တစ်ယောက်စီတိုင်းမှာလည်း ထမ်းဆောင်ရမဲ့ အခွန်ရှိသလို သူမကို အခွန်ရှောင်မှုနဲ့ သတင်းများထွက်ပေါ်ကာ စွပ်စွဲခံခဲ့ရပြီးနောက် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ သူမရဲ့ ပိုင်ဆိုင်မှု အားလုံးကို နိုင်ငံပိုင်သိမ်းယူသွားခဲ့ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်ခွင့်ပိတ်ထားခံရသလို အသက်(၁၈) နှစ်သာ ရှိသေးတဲ့ သူမရဲ့ မောင်လေးဖြစ်တဲ့Fan Chengcheng ဟာလည်း လက်၇ှိမှာ အဆိုတော် တစ်ယော်က ဖြစ်လာဖို့ ကြီုးစားနေဆဲ မို့ လက်ရှိအချိန်မှာ တမိသားစုလုံးရဲ့ အနုပညာလုပန်ငန်း လုပ်ပိုင်ခွင့် တွေပါ ပိတ်ထားခဲ့ ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘင်းဘင်းဟာ ပျောက်ဆုံးနေသလို တချို့က သူမ ထောင်ထဲမှာ၊ အမေရိကန်နိုင်ငံမှာ ခိုလှုံနေတာ၊ ထောင်ကလွတ်ပြီး တစ်နေရာမှာပုန်းအောင်းနေသည်လို့ လည်း ဆိုကြပြန်သည်။ လက်ရှိမှာသူမ ဘယ်မှာ ရှိနေမှန်းမသိရသလို သူမရဲ့ အင်စတာဂရမ်၊ဖေ့ဘုတ်နဲ့ ဆိုရှယ် မီဒီယာ အကောင့်အားလုံးကလည်း ငြိမ်သက်နေခဲ့တာ (၃) လလောက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Credit Myanmarload

Leave a Comment