lifestyle

စင်္ကာပူသွားမယ့်သူတွေ မသိထားရင် ဒုက္ခရောက်သွားနိုင်တဲ့ ဥပဒေအဆန်းများ

စင်ကာပူဟာ ပြစ်မှုနည်းပြီး သန့်ရှင်းမှုမှာလည်း အပြစ်ပြောစရာ မရှိပါဘူး။ စင်ကာပူကို တခါတရံ fine city လို့တောင် ခေါ်ကြပါတယ်။ သင်ဟာ စင်ကာပူကို သွားရောက်ဖို့ စဉ်းစားနေပြီဆိုရင် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စည်းမျဉ်းတွေကို သတိပြုသင့်ပါတယ်။ တချို့စည်းမျဉ်းတွေဟာ ကြမ်းတမ်းပြင်းထန်ပါတယ်။

ဥပမာ ကြိမ်ဒဏ်ပေးတယ်ဆိုတာ ပြစ်မှုကျူးလွန်သူတွေအတွက်သာမက ကျောင်းမှာ စည်းကမ်းတွေအတွက်၊ တပ်မတော်အတွက်လည်း အပြစ်ပေးဖို့ ဥပဒေအရ အသုံးပြုလာကြပါတယ်။ စင်ကာပူမှာဥပဒေတွေကို တင်းတင်းကျပ်ကျပ် လိုက်နာစေပြီး မလိုက်နာရင်လည်း ဒီဓလေ့ထုံးတမ်းတွေက သင့်ကို ပြင်းပြင်းထန်ထန် ဒုက္ခရောက်စေနိုင်ပါတယ်။ အခု စင်ကာပူကို လည်ပတ်ခြင်းကို စိတ်မပျက်လိုက်ပါနဲ့အုံး။

ဒီတိုင်းပြည်ဟာ ခရီးသွားဖို့အတွက် မယုံနိုင်လောက်အောင် လုံခြုံပြီး activities တွေ၊ ယဉ်ကျေးမှု တွေလည်း အများကြီး ရှိပါတယ်။ တကယ်လို့ သင်ဟာ လေးစားမှုရှိတဲ့ ခရီးသွားတစ်ယောက်ဆိုရင် ဘယ်နည်းနဲ့မှ ဒုက္ခရောက်မှာ မဟုတ်ပါဘူး။

၁။ သီချင်းဆိုခြင်း (ထောင်ဒဏ် ၃လ)
သီချင်းဆိုပြတာတို့၊ ဇာတ်လမ်းကို စာသားနဲ့ ဖော်ပြတာတို့ ဒါမှမဟုတ် လူစုလူဝေးတွေထဲမှာ ညစ်ညမ်းတဲ့သီချင်းတွေ ဆိုတာဟာ ဥပဒေနဲ့ ဆန့်ကျင်ပါတယ်။ ဒီဥပဒေကို ချိုးဖောက်လို့ သင့်ကို ဖမ်းမိခဲ့ရင် သင့်ကို (၃) လထောင်ဒဏ်၊ ဒဏ်ငွေဒါမှမဟုတ် နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။
laws-in-singapore-Myanmar-Note
၂။ တခြားလူရဲ့ wifi ကို ချိတ်ဆက်ခြင်း (ထောင်ဒဏ် ၃နှစ် ဒါမှမဟုတ် ဒဏ်ကြေး ဒေါ်လာ ၁၀,၀၀၀)

စင်ကာပူမှာ တခြားလူတစ်ယောက်ရဲ့ Wifi ကို သုံးတယ်ဆိုတာ hack တာလို့ ဆိုကြပါတယ်။ ဒီဟာအတွက် ပြစ်ဒဏ်ကတော့ ဒေါ်လာ (၁၀,၀၀၀)၊ (၃) နှစ်ထောင်ဒဏ် ဒါမှမဟုတ် နှစ်ခုလုံးလည်း အပြစ်ပေးခံရနိုင်ပါတယ်။
laws-in-singapore-Myanmar-Note
၃။ ခိုစာကျွေးခြင်း (ဒဏ်ငွေ ဒေါ်လာ ၅၀၀)
ခိုစာကျွေးတာဟာ ရာဇဝတ်မှုလို့ မထင်ရပါဘူး။ ဒါပေမဲ့ စင်ကာပူမှာတော့ ပြစ်မှုမြောက်ပါတယ်။ သင့်ရဲ့ စားကြွင်းတွေပဲဖြစ်ဖြစ် ငှက်တွေကို ပစ်ပေးနေတာမိသွားရင်တော့ သင်ဟာ ဒေါ်လာ (၅၀၀) ဒဏ်ငွေဆောင်ရမှာပါ။
laws-in-singapore-Myanmar-Note
၎။ လိင်တူချစ်ကြိုက်ခြင်း (ထောင်ဒဏ် ၂ နှစ်)
ဒီဥပဒေဟာ တခြားဥပဒေတွေလောက်နီးနီး မတင်းကျပ်သော်လည်း တချို့ လိင်တူဆက်သွယ်မှုတွေကို စင်ကာပူမှာ တားမြစ်ထားပါတယ်။
laws-in-singapore-Myanmar-Note
၅။ အများသုံးအိမ်သာကို အသုံးပြုပြီး ရေမဆွဲချခြင်း (ဒဏ်ငွေ ဒေါ်လာ ၁၅၀)
ရေမဆွဲချခဲ့ဘူးဆိုရင် စင်ကာပူက ဥပဒေတွေအရ အကျိုးဆက် တော်တော်ရနိုင်ပါတယ်။ ဓာတ်လှေကားထဲမှာ အပေါ့သွားဖို့ စဉ်းတောင်မစဉ်းစားပါနဲ့။ ဆီးရဲ့ အနံ့ကို စူးစမ်းနိုင်တဲ့ ဆီးစူးစမ်းရှာဖွေ ဖော်ထုတ်တဲ့ ကိရိယာ (UDD)ကို တပ်ဆင်ထားပါတယ်။ အချက်ပြစနစ်ကို တပ်ဆင်ထားပြီး ရဲတွေမရောက်ခင်အထိ တံခါးတွေကို ပိတ်ထားပါတယ်။
laws-in-singapore-Myanmar-Note
၆။ လူအများနေရာမှာ ဆေးလိပ်သောက်ခြင်း (ဒဏ်ငွေ ဒေါ်လာ ၁၅၂- ၇၆၀)
စင်ကာပူမှာ လူစုလူဝေးနေရာနဲ့ ယာဉ်ကားတွေထဲမှာ ဆေးလိပ်သောက်တာကို တားမြစ်တဲ့ ဥပဒေရှိပါတယ်။ ဒီဥပဒေကို လူထုအတွက် သန့်ရှင်းပြီး ကျန်းမာတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင်ချမှတ်ထားတာ ဖြစ်ပြီး ဆေးလိပ်ငွေ့ကို မရှူရှိုက်မိအောင် ကာကွယ်ထားတာပါ။ သင့်အိမ်မှာ စီးကရက်ဝယ်ပြီး သောက်တာဟာ ဥပဒေကို မဆန့်ကျင်ပေမဲ့လည်း လူထူထပ်တဲ့နေရာမှာ ဆေးလိပ်သောက်တာဟာ ဥပဒေကို ဆန့်ကျင်ပါတယ်။ ဆေးလိပ်ယူဆောင်ပြီး နိုင်ငံထဲကို ဝင်တာဟာလည်း ပြစ်မှုမြောက်တယ်လို့ တွေးတောပါတယ်။
laws-in-singapore-Myanmar-Note
၇။ အဝတ်အစားမပါဘဲ အိမ်ထဲမှာ လမ်းလျှောက်ခြင်း (ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀)
အိမ်မှာ ဆေးလိပ်သောက်လို့ အဆင်ပြေပေမဲ့လည်း အဝတ်အစားမဝတ်ဘဲ လမ်းလျှောက်တာကျတော့ ပြစ်မှုမြောက်ပါတယ်။ ဒီဥပဒေကို ချိုးဖောက်မိရင် အကျဉ်းချခံရခြင်း ဒါမှမဟုတ် ကြီးမားတဲ့ ဒဏ်ငွေပေးရတဲ့ ညစ်ညမ်းစေမှုကြောင့် တရားစွဲခြင်းကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ရေချိုးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် လိုက်ကာပဲဖြစ်ဖြစ် ပိတ်ထားပါ။

၈။ အမှိုက်ပစ်ခြင်း (ဒဏ်ငွေ ဒေါ်လာ ၃၀၀)
ဆေးလိပ်ဘူးခွံ ဒါမှမဟုတ် သကြားလုံးအခွံလို သေးငယ်တဲ့ အရာလေးတွေကို ပထမဆုံးအကြိမ် ပစ်မိမယ်ဆိုရင် ဒေါ်လာ (၃၀၀) ဒဏ်ငွေဆောင်ရပါတယ်။ သင်ဟာ သုံးကြိမ်မြောက် ဆိုရင်တော့ “I am a litterer.(ငါဟာ အမှိုက်သိမ်းသမားတစ်ယောက်ပါ)” လို့ အော်ပြီး တစ်ပတ်တစ်ကြိမ် ရှေ့ဖုံးခါးစည်းဝတ်ပြီး လမ်းသန့်ရှင်းရေးလုပ်ရမှာပါ။ ဒီလို လူသိရှင်ကြား ဒဏ်ပေးတာကို ရှက်ရွံပြီးတော့ နောက်တစ်ခါ အမှိုက်ထပ်မပစ်ရဲတော့အောင် ရည်ရွယ်တာဖြစ်ပါတယ်။
laws-in-singapore-Myanmar-Note
၉။ ပီကေ ရောင်းခြင်း (ဒဏ်ငွေ ဒေါ်လာ ၁၀၀,၀၀၀- ထောင်ဒဏ် ၂ နှစ်)
ပီကေဝါးတာရပေမဲ့ ရောင်းတာကိုတော့ တားမြစ်ထားပါတယ်။ တိုင်းပြည်အတွင်းသို့ ပီကေ မှောင်ခိုတင်သွင်းမယ်ဆိုရင် အပြစ်ဒဏ်ကတော့ ထောင်ဒဏ် (၂) နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဒေါ်လာ (၁၀၀,၀၀၀) ဆောင်ရပါမယ်။
laws-in-singapore-Myanmar-Note
၁၀။ လူကြားထဲ တံတွေးထွေးခြင်း (ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀)
စင်ကာပူဟာ တံတွေးထွေးတတ်တဲ့သူတွေအတွက် သင့်တော်မဲ့ နေရာမဟုတ်ပါဘူး။ အကြောင်းပြချက်ကတော့ ကော်ဖီဆိုင်တွေ စူပါမားကတ်တွေမှာ တံတွေးထွေးတာဟာ ဥပဒေနဲ့ ဆန့်ကျင်လို့ပါ။ လူသွားလမ်းတွေ ဘေးလမ်းတွေနဲ့ လူစုလူဝေးနေရာတွေမှာ လည်းပဲ တားမြစ်ထားပါတယ်။ ဒီဟာကို လုပ်မိရင်တော့ ဒေါ်လာ (၁,၀၀၀) အထက်ကို ဒဏ်ငွေဆောင်ရမှာပါ။

ကြူသင်း
MyanmarNote

Leave a Comment