local celebrity

ပင်​ပန်းလွန်းလို့ ​လေဆိပ်​မှာတင်​ အိပ်​​ပျော်​ခဲ့တဲ့ ​ရွှေမှုန်​ရတီ

ပြည်​သူချစ်​မင်းသမီး​ချော​လေး ​ရွှေမှုန်​ရတီက အသက်​အရွယ်​ ငယ်​​ပေမယ့်​ အနုပညာမှာ ပါရမီထူးသူ​လေးတစ်​ဦးပါ။ ကျရာဇာတ်​ရုပ်​တိုင်းကို တိတိကျကျကျနဲ့ ပီပီပြင်​ပြင်​သရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်းမင်းသမီးစာရင်းမှာ ဖိပ်​ဆုံးကရပ်​တည်​​နေနိုင်​တာပါ။ ​ရွှေမှုန်​ရတီက သရုပ်​​ဆောင်​​ကောင်းလွန်​တာ​ကြောင့်​ ရုပ်​ရှင်​ဇာတ်​ကားကြီးအ​တော်​များများမှာလဲ ပါဝင်​သရုပ်​​ဆောင်​​နေရသူ​လေးဖြစ်​ပါတယ်​။

ရွှေမှုန်​ရတီက ​အောင်​မြင်​တဲ့အနုပညာရှင်​ဖြစ်​တာနဲ့အညီ အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​​နေရပါတယ်​။ သူမဟာ ရုပ်​ရှင်​ဇာတ်​ကားကြီးနဲ့ ​​ဗီဒီယိုဇာတ်​ကား အ​မြောက်​အများကို ရိုက်​ကူးလျက်​ရှိပါတယ်​။

အောင်​မြင်​တဲ့ အနုပညာရှင်​မို့လို့ အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​ရတာမို့ စိတ်​​ရောလူပါမနားရပါဘူး။ အဲ့ဒါ​တွေ​ကြောင့်​ ​ရွှေမှုန်​ရတီက မကြာ​သေးခင်​ကမှ ထိုင်းနိုင်​ငံ ဘန်​​ကောက်​မှာ ​ဆေးရုံသွားတတ်​ခဲ့ပြီး ပြန်​လည်​​ရောက်​ရှိလာခဲ့တာပဲဖြစ်​ပါတယ်​။

ဒီ​နေ့မှာလဲ သူမက ခရီးသွားရင်း ​လေဆိပ်​မှာ အိပ်​​ပျော်​​နေခဲ့တဲ့ပုံ​လေးကို တင်​ခဲ့ပြီး သူမရဲ့ ချစ်​ပရိသတ်​​တွေအတွက်​ ကြိုးစား​နေ​ကြောင်းပြသခဲ့ပါတယ်​။

သူမက သူမရဲ့ ​ဖေ့ဘုတ်​မှာ “I love you guys And miss u WLSHYTThey are my everything” ဆိုပြီး သူမရဲ့ Fan ​တွေကို အ​လေးထား​ကြောင်းပြသခဲ့ပါတယ်​။

ပရိသတ်​ကြီးအတွက်​ ​ရွှေမှုန်​ရတီက ဒီ​လောက်​ထိ​ပေးဆပ်​​နေတာမြင်​ရ​တော့ စိတ်​မ​ကောင်းစရာပဲ​နော်​။ ​ပရိသတ်​​တွေ တစ်​ခဏတာ​လေး စိတ်​အပန်း​ပြေဖို့ အနုပညာသမားတိုင်းဟာ ကြိုးစားပမ်းစားနဲ့ အလုပ်​လုပ်​​နေကြရပါတယ်​။ ​ရွှေမှုန်​ရတီကို ချစ်​ကြတဲ့ ပရိသတ်​ကြီးလဲ ဒီပိုစ့်​​လေးကို သ​ဘောကျရင်​ Like & share လုပ်​​ပေးသွားပါဦး​နော်​။

Credit#Myanmar Celes Media

Leave a Comment