local celebrity

မကြာခင်သီတင်းကျွတ်တော့မယ်ဆိုတော့ fitting တောင်လုပ်နေပြီဆိုတဲ့ ပိုးကြာဖြူခင်

“မိုးကောင်းကင် အိမ်မက်” တီဗွီဇာတ်လမ်းတွဲထဲမှာ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ပြီးနောက် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သူမရဲ့ ရိုးရှင်းတဲ့အလှကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာ “မကြာခင် သီတင်းကျွတ်တော့မယ် ဆိုတော့လဲ” လို့ အစပြုရေးထားပြီး မင်္ဂလာဝတ်စုံလေးနဲ့ ဓါတ်ပုံတွေကို တင်လိုက်တာဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ “Heehee နောက်တာနော် 😘 Aroma wedding show အတွက် fitting လာလုပ်တာပါ October 14 ရက်နေ့ Gandamar grand ball room မှာ အားလုံးနဲ့ ဆုံချင်ပါတယ်” လို့ ပြန်ရေးထားပြီး ပရိသတ်တွေကို စနောက်လိုက်တာဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းနေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Credit#Auntymay

Leave a Comment