local celebrity

အရုပ်မလေးတွေလို့ အထင်မှားရလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ ခေတ်နဲ့သစ်

နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံရဲ့ အမြွှာသမီးလေးနှစ်ယောက် ခေတ်နဲ့ သစ်တို့ကတော့ ပရိသတ်တွေတိုင်းရဲ့ အချစ်တွေကို ရရှိထားသူလေးတွေဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အမှုအရာလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့သူလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုတော့ ချစ်သုဝေက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ချစ်သုဝေကတော့ ဒီကနေ့မှာလည်း ခေတ်နဲ့ သစ်တို့ရဲ့ ဓါတ်ပုံအသစ်လေးတွေကို တင်ပေးထားပါတယ်။ အရုပ်မလေးတွေလို့ အထင်မှားရလောက်အောင် ချစ်စရာကောင်းနေတဲ့ ခေတ်နဲ့ သစ်တို့ရဲ့ ပုံရိပ်လေးတွေကိုတော့ “နှလုံးသားသည်းပုကျုလေးများ” လို့ ရေးထားပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ခေတ်နဲ့ သစ်တို့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Credit#Shwemom

Leave a Comment