local celebrity

နေ့တိုင်းပုံတွေတင်လို့  မချစ်တော့မှာ စိုးရိမ်မိတယ်ဆိုတဲ့ နွယ်နွယ်ထွန်း

ပို့စ်ဆန်းဆန်းလေးတွေနဲ့ ဓါတ်ပုံလေးတွေ ရိုက်တတ်လို့ ပရိသတ်တွေ သတိထားမိလာတဲ့ ဖိုတိုမော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကတော့ ဖေ့စ်ဘုတ်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူလေးတစ်ယောက် ဖြစ်ပါတယ်။ နွယ်နွယ်ထွန်းက လတ်တလောမှာ  စကာင်္ပူကို အပန်းဖြေခရီးထွက်နေတာဖြစ်ပါတယ်။ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်ပေါ်မှာ တင်လေ့ရှိတဲ့ နွယ်နွယ်ထွန်းကတော့ ဒီကနေ့မှာလည်း သူမရဲ့ ခရီးသွားပုံရိပ်အချို့ကို တင်ပေးထားပါတယ်။

နွယ်နွယ်ထွန်းက “နေ့ တိုင်းပုံတွေတင်လို့  မချစ်တော့မှာ စိုးရိမ်မိတယ်” လို့ ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ အမဲဝမ်းဆက်လေးနဲ့ ချစ်စရာကောင်းနေတဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

နွယ်နွယ်ထွန်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Credit#Shwemom

 

Leave a Comment