international celebrity

`2018 Next Generation Leaders` အဖြစ် Time မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ BTS

BTS ကတော့ အခုဆိုရင် ကိုရီးယားမှာတင်မဟုတ်ပဲ အာရှနဲ့ အနောက်နိုင်ငံတွေမှာပါ အရမ်းကို အောင်မြင်မှုရနေတဲ့ အဆိုတော် အဖွဲ့ပါ။အာရှတစ်ခုတည်းတင်မဟုတ်ပဲ အနောက်နိုင်ငံတွေက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင် ထားပြီး အောင်မြင်မှုမှတ်ကျောက်တွေ အများကြီး စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော်အဖွဲ့ပါ။Big Hit Entertainment ကနေ ဖွဲ့ စည်းလိုက်တာပါ။(၂၀၁၃)ခုနှစ် ဇွန်(၁၃)မှာ ပွဲဦးထွက်ခဲ့ကြတာပါ။ဂီတသက်တမ်းတစ်လျောက် ဆုတွေ အများကြီး သိမ်း ပိုက်နိုင်ခဲ့ပါတယ်။မကြာသေးခင်က ကျင်းပခဲ့တဲ့ American Music Awards of 2018 ဆုပေးပွဲမှာ Favorite Social Artist  ဆုကို ပူပူနွေးနွေးရရှိထားပါတယ်။

BTS ကို Time မဂ္ဂဇင်းက ‘2018 Next Generation Leaders.’  ဆိုပြီးဖော်ပြခဲ့ပါတယ်။မဂ္ဂဇင်းရဲ့ ခေါင်းကြီး ပိုင်းမှာေ တာ့ ‘How BTS Is Taking Over the World,’  ဆိုပြီး BTS ရဲ့ အနောက်နိုင်ငံတွေက အောင်မြင်မှုကို ချီးကျူးထားပါ တယ်။BTS ဟာ Time မဂ္ဂဇင်း မှာ ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး K-pop group ပါ။TIME magazine’s Next Generation Leaders list မှာ ထိုက်ထိုက်တန်တန်ဖော်ပြခဲ့တာဖြစ်ပြီး Jimin, Jin, Suga, J-Hope, RM, V,  Jung Kook တို့ကို ကာဗာမှာ ဖော်ပြခဲ့ပါတယ်။

Time ရဲ့ ‘2018 Next Generation Leaders.’ စာရင်းမှာတော့ Dua Lipa, John Boyega ၊ Simone Biles ၊ Ariana Grande ၊ The Weeknd..အစရှိတဲ့ အနုပညာရှင်တွေ အများကြီး ပါဝင်ခဲ့ဖူးပါတယ်။

 

Credit#Auntymay

 

Leave a Comment