international celebrity

Bella နဲ့ ရိုက်မယ့် ဇာတ်ကားသစ်အကြောင်း Pope Thanawat ထုတ်ပြော

Pope Thanawat ကတော့ ထိုင်းနိုင်ငံရဲ့ မင်းသားချောလေးပါ။ “Buppesannivas” TV ဒရမ်မာဇာတ်ကားနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာသူပါ။ အဲဒီဇာတ်ကားကတော့ Pope Thanawat ကို ထိုင်းမှာတင်မဟုတ်ပဲ အာရှတစ်ဝန်းမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်မှုရစေခဲ့တဲ့ ဇာတ်ကားဖြစ် ခဲ့ပါတယ်။ ဒီကားမှာတော့ မင်းသမီးချော Bella နဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့တာပါ။ဒီဇာတ်ကားဟာ အရမ်းကို အောင်မြင်ခဲ့ပြီး သူတို့နှစ်ဦးကို ပရိသတ်တွေက အရမ်းကိုလိုက်ဖက်တယ်ဆိုပြီး အရမ်းကို အားပေးခဲ့ကြပါတယ်။

Pope Thanawatကတော့ မကြာသေးမီက ကော်ဖီ Brand တစ်ခုရဲ့ ပွဲကို တက်ရောက်ခဲ့ပါတယ်။အမိုက်စား gentleman ဆန်ဆန် အ၀တ်အစားကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။ဒီပွဲမှာတော့ သူ့ရဲ့ TV ဒရမ်မာ ဇာတ်ကားသစ်နဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။ ‘Roy Leh Manya’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူး သွားမယ်လို့ သိရပါတယ်။ဒီဇာတ်ကားမှာ တော့ Buppesunnivas. ဇာတ်ကားမှာ အရမ်းကို အတွဲညီခဲ့ကြတဲ့ မင်းသမီး ချော  Bella Ranee နဲ့ အတူတွဲ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဇာတ်ကားအတွက် costume fitting မလုပ်ခင်အချိန်ထိ အတူတွဲ သရုပ်ဆောင်မယ့် မင်းသမီးကBella ဆိုတာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို အတိအကျ Confirm မလုပ် သေးတော့ မင်း သမီး ဘယ်သူဆိုတာကို မသိခဲ့ဘူးလို့ဆိုပါတယ်။

ထိုင်း TV3 နဲ့ ထုတ်လုပ်သူ Nook Jariya  က သူတို့ နှစ်ေ ယာက် ဟာ ဇာတ်ကောင်တွေနဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်မိကြောင်း၊ဒါကြောင့်လည်း ဒီကားမှာ သရုပ် ဆောင် ဖို့ ရွေး ချယ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။သူတို့နှစ်ယောက်အတူတွဲ သရုပ်ဆောင်မယ့် ဇာတ်ကားသစ်ကို မျှော်နေတဲ့ ပရိသတ်တွေ ကတော့ ဇာတ်ကားသစ်ကို ရင်ခုန်စွာနဲ့ မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။

Credit#Auntymay

Leave a Comment