sad

ဖိတ်ထားတဲ့ အတန်းဖော်တွေ မလာခဲ့လို့ မွေးနေ့ပွဲကို တစ်ဦးတည်းကျင်းပခဲ့ရတဲ့ သနားစဖွယ် ကလေးငယ်လေး

အရီဇိုးနားပြည်နယ်က အသက် ()နှစ်အရွယ် ကလေးလေး တက်ဒီဟာ သူ့ရဲ့ ()နှစ်ပြည့်မွေးနေ့မှာ စိတ်မကောင်းဖွယ်ရာ အဖြစ်နဲ့ တွေ့ကြုံခဲ့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ မွေးနေ့ပွဲအဖြစ် ပီဇာပါတီ ပြုလုပ်ပြီး အတန်းဖော်သူငယ်ချင်း (၃၂)ဦးကို ဖိတ်ကြားခဲ့ရာမှာ တစ်ဦးမှ ရောက်မလာခဲ့လို့ မွေးနေ့ပွဲကို သူတစ်ယောက်တည်းသာ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တက်ဒီလေးရဲ့ ပုံစံဟာ အသည်း ()ခုနဲ့ လူလို့ထင်ရလောက်အောင် ဖြစ်ခဲ့ရပါတယ်။ မွေးနေ့ပွဲကို သူငယ်ချင်းတွေ ရောက်မလာခဲ့ပေမယ့် သူ့ပုံစံကတော့ ဒီအတွက် စိတ်ပျက်နေခြင်းမရှိခဲ့ပဲ စိတ်ဓာတ်ကြံ့ခိုင်ဟန် ပေါက်နေခဲ့တာပါ။ မွေးနေ့ပွဲမတိုင်ခင်မှာ တက်ဒီရဲ့ မိခင်ဖြစ်သူက အတန်းဖော်တွေကို လှပတဲ့ဖိတ်စာလေးတွေနဲ့ ဖိတ်ကြားခဲ့ပါတယ်။

ဒီလိုဖိတ်ကြားခဲ့စဉ်မှာ အတန်းဖော်လေးတွေရဲ့ မိဘတချို့က သူတို့ကလေးတွေ လာလိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်တမ်း မွေးနေ့ပွဲကျင်းပတဲ့အချိန်မှာတော့ ဘယ်သူမှ ရောက်မလာခဲ့ပါဘူး။ တက်ဒီရဲ့ အဖြစ်သနစ်ကို သိရှိခဲ့ပြီးနောက်မှာ အမေရိကန်က နာမည်ကျော် ဘတ်စကတ်ဘောအသင်းတစ်သင်းဖြစ်တဲ့ The Phoenix Suns အသင်းက သူတို့ရဲ့ တွစ်တာအကောင့်မှာ ဒီအကြောင်းကို ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တက်ဒီကိုလည်း သူတို့အသင်းရဲ့ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပြီး အခမဲ့ကြည့်ရှုခွင့်ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

အခြားသော လူမှုကွန်ယက်သုံးစွဲသူများကလည်း ဒီအကြောင်းကို ပြန်လည်ဝေမျှခဲ့ကြလို့ တက်ဒီရဲ့ အဖြစ်ကို သနားကရုဏာသက်သူတွေ အများကြီး ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တက်ဒီ အတွက် မွေးနေ့ဆုတောင်းစကားတွေကို ပေးပို့ပေးခဲ့ကြပါတယ်။

တက်ဒီရဲ့ မိသားစုကတော့ သားဖြစ်သူရဲ့မွေးနေ့ဆုတောင်းအတွက် ရောက်ရှိလာတဲ့ မက်ဆေ့ခ်ျတွေကို သားဖြစ်သူကို ပြန်လည်ဖတ်ပြပေးခဲ့ပါတယ်။ လူမှုကွန်ယက်မှာတော့ ဒီအဖြစ်က အနည်းငယ်ထင်ရှားသွားခဲ့ပြီး တက်ဒီဟာလည်း အများရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။

credit – shweinnlay

Leave a Comment