news

ရဟတ္ယာဥ္ပ်က္က်ၿပီး လက္စတာစီးတီးအသင္းပိုင္ရွင္အပါအဝင္ လူ(၅)ဦး ေသဆုံးခဲ့ရ

ထုိင္းႏုိင္ငံသား စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ လက္စတာအသင္းပုိင္ရွင္ Vichai Srivaddhanaprabha ဟာ ရဟတ္ယာဥ္ မေတာ္တဆပ်က္က်ရာမွာ ပါဝင္ခဲ့ၿပီး ေသဆုံးသူ (၅)ဦးအထိ ရွိခဲ့ေၾကာင္း သိရပါတယ္။ သူေဌး Vichai နဲ႔ အဖြဲ႕ဝင္ (၅)ဦးတုိ႔ဟာ လက္စတာအိမ္ကြင္းျဖစ္တဲ့ ကင္းပါဝါကစားကြင္းႀကီး အနီးမွာ ေလယာဥ္ပ်က္ၾကခဲ့တာပါ။

Vichai ဟာ စေနေန႔က ကစားခဲ့တဲ့ လက္စတာနဲ႔ ဝက္စ္ဟမ္းအသင္းတုိ႔ရဲ႕ (၁-၁) သေရပြဲစဥ္ကို ၾကည့္ၿပီးေနာက္ ေနာက္ထပ္ (၁)နာရီေလာက္မွာ သူစီးနင္းလုိက္ပါလာတဲ့ ရဟတ္ယာဥ္ဟာ စက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားၿပီး ပ်က္က်ခဲ့တာပါ။ ဒီျဖစ္စဥ္ေၾကာင့္ ရဟတ္ယာဥ္တစ္စီးလုံး ေျမျပင္မွာ မီးေလာင္ကၽြမ္းခဲ့ပါတယ္။

Vichai နဲ႔အတူ ေသဆုံးခဲ့သူေတြမွာ သူရဲ႕ အနီးကပ္ဝန္ထမ္းေတြျဖစ္တဲ့ တစ္ႏုိင္ငံတည္းသား Nursara Suknamai နဲ႔ Kaveporn Punpare တုိ႔ျဖစ္ၿပီး Nursara ဟာ Vichai ရဲ႕ အတြင္းေရးမွဴးအျဖစ္ ေဆာင္ရြက္ေနတဲ့ ထုိင္းႏုိင္ငံ အလွမယ္ေဟာင္းတစ္ဦး ျဖစ္ပါတယ္။ သူမဟာ ထုိင္းအလွမယ္ၿပိဳင္ပြဲမွာ ဒုတိယအထိ ရရွိဖူးသူပါ။

ေနာက္ထပ္ ေသဆုံးသူႏွစ္ဦးကေတာ့ ရဟတ္ယာဥ္မွဴး Eric Swaffer နဲ႔ ခရီးသည္ျဖစ္တဲ့ Izabela Roza Lechowicz တုိ႔ ျဖစ္ၿပီး လက္စတာအသင္းအတြက္ေတာ့ အလြန္ဝမ္းနည္းဖြယ္ရာ အခ်ိန္ေတြကို စတင္ရင္ဆုိင္ေနရၿပီလုိ႔ ဆုိရမွာပါ။

လက္စတာအသင္းဟာ (၂၀၁၅-၁၆) ေဘာလုံးရာသီမွာ ပရီးမီယားလိဂ္ ဆုဖလားႀကီးကို အံ့အားသင့္ဖြယ္ ဆြတ္ခူးႏုိင္ခဲ့ၿပီး ထုိစဥ္တုန္းက အီတလီလူမ်ိဳးနည္းျပ ကေလာ္ဒီယုိရာနီေယနီရဲ႕ လက္ေအာက္မွာ ဆုဖလားႀကီးကို ဆြတ္ခူးႏုိင္ခဲ့တာျဖစ္ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္မွာလည္း အေအာင္ျမင္ဆုံး အခ်ိန္အျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။

Nusara Suknamai

နတ္စည္ေတာ္ (MyanmarNote)

source : metro.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ လက်စတာအသင်းပိုင်ရှင် Vichai Srivaddhanaprabha ဟာ ရဟတ်ယာဉ် မတော်တဆပျက်ကျရာမှာ ပါဝင်ခဲ့ပြီး သေဆုံးသူ (၅)ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။ သူဌေး Vichai နဲ့ အဖွဲ့ဝင် (၅)ဦးတို့ဟာ လက်စတာအိမ်ကွင်းဖြစ်တဲ့ ကင်းပါဝါကစားကွင်းကြီး အနီးမှာ လေယာဉ်ပျက်ကြခဲ့တာပါ။

Kaveporn Punpare

Vichai ဟာ စနေနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ (၁-၁) သရေပွဲစဉ်ကို ကြည့်ပြီးနောက် နောက်ထပ် (၁)နာရီလောက်မှာ သူစီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပွားပြီး ပျက်ကျခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်တစ်စီးလုံး မြေပြင်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

Pilot Eric Swaffer

Vichai နဲ့အတူ သေဆုံးခဲ့သူတွေမှာ သူရဲ့ အနီးကပ်ဝန်ထမ်းတွေဖြစ်တဲ့ တစ်နိုင်ငံတည်းသား Nursara Suknamai နဲ့ Kaveporn Punpare တို့ဖြစ်ပြီး Nursara ဟာ Vichai ရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ အလှမယ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ထိုင်းအလှမယ်ပြိုင်ပွဲမှာ ဒုတိယအထိ ရရှိဖူးသူပါ။

Izabela Roza Lechowicz

နောက်ထပ် သေဆုံးသူနှစ်ဦးကတော့ ရဟတ်ယာဉ်မှူး Eric Swaffer နဲ့ ခရီးသည်ဖြစ်တဲ့ Izabela Roza Lechowicz တို့ ဖြစ်ပြီး လက်စတာအသင်းအတွက်တော့ အလွန်ဝမ်းနည်းဖွယ်ရာ အချိန်တွေကို စတင်ရင်ဆိုင်နေရပြီလို့ ဆိုရမှာပါ။

လက်စတာအသင်းဟာ (၂၀၁၅-၁၆) ဘောလုံးရာသီမှာ ပရီးမီယားလိဂ် ဆုဖလားကြီးကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့ပြီး ထိုစဉ်တုန်းက အီတလီလူမျိုးနည်းပြ ကလော်ဒီယိုရာနီယေနီရဲ့ လက်အောက်မှာ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်မှာလည်း အအောင်မြင်ဆုံး အချိန်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နတ်စည်တော် (MyanmarNote)

source : metro.co.uk

Leave a Comment