OMG

သည်းထိတ်ရင်ဖို ပရိသတ်များအတွက် ကြည့်ကိုကြည့်ဖူးသင့်တဲ့ ထိုင်းသရဲကား (၁၂) ကား

သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုမှ ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဟာ ဘယ်တော့မှမရိုးနိုင်သလို၊ ပြန်ကြည့်တိုင်းလည်း အရသာရှိနေစမြဲပါပဲနော်။ ခုဖော်ပြပေးမယ့်ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို၊ သည်းထိတ်ရင်ဖိုစေမယ့် ရသမျိုးကို အပြည့်အဝပေးနိုင်မယ့် ဇာတ်ကားကောင်း (၁၂) ကားဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုပရိသတ်တွေအနေနဲ့ လုံးဝလက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတွေဖြစ်တာကြောင့် ဇာတ်ကားနာမည်လေးတွေ မှတ်ထားလိုက်ပါဦး။

  1. Shutter (2004)

 

ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက် ကြုံတွေ့ရတဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရိပ်တွေအကြောင်းပဲဖြစ်ပါတယ်။

  1. 4bia (2008)

 

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ဒါရိုက်တာ (၄) ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  1. Art of the devil 2 (2005)

 

အတိတ်ဆိုးတွေရှိခဲ့တဲ့ ဆရာမတစ်ယောက်က ကျောင်းသားအုပ်စုတစ်စုကို အောက်လမ်းနည်းနဲ့ ပြန်ပြီးကလဲ့စားချေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

  1. Dorm (2006)

 

Ton ဆိုတဲ့ကောင်လေးဟာ ကျောင်းသားသစ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ကျောင်းနေဖက်သူငယ်ချင်းက ကျောင်းအပေါ်ထပ်ကနေ ပြုတ်ကျပြီး သေသွားတဲ့ သရဲအကြောင်း အမြဲတမ်းပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ လုံးဝထင်မထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်နေတာကို ပဟေဠိဆန်ဆန် ရင်ဖိုနေရမယ့် ဇာတ်ကားဖြစ်ပါတယ်။

 

  1. Ladda Land

 

မိသားစုတစ်စုက အိမ်အိုကြီးထဲကိုပြောင်းလာပြီးနောက်မှာ ကြောက်မက်ဖွယ်ရာတွေ တစ်ခုပြီးတစ်ခု တွေ့ရှိရတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။

  1. Make Me Shudder (2013)

 

ကျောင်းသားတစ်စုဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးထဲကို ဝင်ဖို့ စိန်ခေါ်ခဲ့ကြပါတယ်။ အိမ်ကြီးထဲကို ရောက်တဲ့အခါ ဘယ်လိုရယ်စရာတွေ၊ ကြောက်စရာတွေဖြစ်လာမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါနော်။

  1. Coming Soon

 

Shane ဟာ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာ အလုပ်လုပ်သူတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ထွက်ရှိမယ့်သရဲကားတစ်ကားကို တရားမဝင် ထုတ်လုပ်ပေးဖို့ ကတိပေးခဲ့ပါတယ်။ အဲဒီ့သရဲကားထဲက မကောင်းဆိုးဝါးဝိညာဉ်က သူ့ကိုစတင်ခြောက်လှန့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီ့သရဲကားနောက်ကွယ်က လျှို့ဝှက်ချက်တစ်ခုကို သူရှာတွေ့ခဲ့ပါတယ်။

  1. The Victim (2007)

 

ဒါကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ကို အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ဝိညာဉ်က ခြောက်လှန့်နှောက်ယှက်တဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

 

  1. Zee-Oui (2004)

 

ဒီဇာတ်ကားဟာ (၁၉၄၀) ခုနှစ်တုန်းက ဖြစ်ရပ်မှန် ကွင်းဆက်လူသတ်သမားရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

  1. Slice (2009)

 

ကွင်းဆက်လူသတ်သမားဟာ လွတ်မြောက်နေပါတယ်။ ထောင်ကျနေတဲ့ Tai တစ်ယောက် လူသတ်သမားဟာ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်မယ်လို့ သံသယရှိနေခဲ့ပါတယ်။ ထောင်ကလွတ်လာတဲ့အခါမှာ ဖြစရပ်မှန်ကို စုံစမ်းဖို့ ဇာတိကိုပြန်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်လိုက်ပါနော်။

  1. Body sob 19 (2007)

 

ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်ထဲမှာ ကောင်မလေးတစ်ယောက်က အော်ဟစ်အကူအညီတောင်းခံတာကို ညတိုင်းမြင်မက်လို့ တကယ်သွားကြည့်လိုက်တဲ့အခါမှာ ဖြစ်လာတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။

  1. Alone (2007)

 

ဒါကတော့ အမွှာနှစ်ယောက်ထဲက တစ်ယောက်က ကိုးရီးယားနိုင်ငံမှာ ဇာတ်မြုပ်ဖို့သွားခဲ့ပေမယ့် အတိတ်တွေထဲကနေ ဘယ်တော့မှ ရုန်းထွက်လို့မရတဲ့အကြောင်း သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

credit – Em Em (auntymay )

Leave a Comment