lifestyle

အဝတ္မဲ့သန္႔ရွင္းေရးဝန္ထမ္းဘဝနဲ႔ တစ္နာရီ (၄၅)ေပါင္အထိ ဝင္ေငြရေနတဲ့ ေကာင္မေလး

အန္နာလုိ႔အမည္ရတဲ့ အသက္(၂၄)ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးဟာ Naturist Cleaners ဝန္ေဆာင္မႈလုပ္ငန္းနဲ႔အတူ အလုပ္လုပ္ေနတာ လအတန္ၾကာေနၿပီ ျဖစ္ပါတယ္။ Naturist Cleaners ဝန္ေဆာင္မႈလုပ္ငန္းဟာ မိေမြးတုိင္းဖေမြးတုိင္း ဘာမွမဝတ္စားဘဲ အိမ္၊ ႐ုံး စသည္တုိ႔မွာ သန္႔ရွင္းေရးဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းတစ္ခုပါ။

တစ္နာရီကို (၄၅)ေပါင္အထိ ေပးေခ်ၿပီး၊ လုပ္သက္(၃)လ ရေနၿပီျဖစ္တဲ့ အန္နာအတြက္ေတာ့ ထင္မွတ္မထားဘဲ ဝင္ေငြခုိင္ခုိင္မာမာနဲ႔ စုမိေဆာင္းမိ၊ သုံးႏုိင္စြဲႏုိင္ဘဝကို ရပ္တည္ႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ အန္နာဟာ ပထမတုံးကေတာ့ အခ်ိန္ပုိင္းဝင္ေငြအတြက္ ဒီအလုပ္ကုိ ေရြးခ်ယ္ခဲ့တာဆုိေပမယ့္ အခုဆုိရင္ ဒီအလုပ္က သူမအတြက္ အဓိကအလုပ္တစ္ခု ျဖစ္ေနပါၿပီ။

အန္နာက သူမရဲ႕ နာမည္အရင္းကိုေတာ့ ထုတ္ေဖာ္မေျပာပါဘူး။ သူမဟာ Naturist Cleaners ဝန္ေဆာင္မႈလုပ္ငန္းနဲ႔ ကနဦးစတင္ဆက္သြယ္စဥ္တုန္းက အနည္းငယ္ ႐ႈိးတုိ႔ရွန္းတန္႔ ျဖစ္ေနေပမယ့္ အားလုံးဟာ ပေရာ္ဖတ္ရွင္နယ္ပီသသူေတြျဖစ္တာေၾကာင့္ သူမနဲ႔အတူ အျခားလုပ္ေဖာ္ကုိင္ဘက္ေတြလည္း ယုံၾကည္မႈေတြ ျမင့္မားလာတယ္လုိ႔ ေျပာပါတယ္။

Naturist Cleaners ဝန္ေဆာင္မႈကုမၸဏီကုိ လုပ္ငန္းရွင္ Laura Smith က (၂၀၁၇)ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး၊ သူကေတာ့ အလုပ္အပ္လုိသူေတြနဲ႔ အလုပ္လုပ္လုိသူေတြကို တုိက္႐ုိက္ခ်ိတ္ဆက္ေပးသူ ျဖစ္ပါတယ္။ ကုမၸဏီေတြ၊ ႐ုံးခန္းေတြနဲ႔ တစ္သီးပုဂၢလငွားရမ္းသူေတြရွိလာေၾကာင့္ အခ်ိန္ပုိင္းအေနနဲ႔ အဝတ္မဲ့သန္႔ရွင္းေရးဝန္ေဆာင္မႈ လုပ္လုိသူေတြကို လက္ခံေနတယ္လုိ႔ သိရပါတယ္။

လင္းသူရိန္ (MyanmarNote)

source : mirror.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အန်နာလို့အမည်ရတဲ့ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ Naturist Cleaners ဝန်ဆောင်မှုလုပ်ငန်းနဲ့အတူ အလုပ်လုပ်နေတာ လအတန်ကြာနေပြီ ဖြစ်ပါတယ်။ Naturist Cleaners ဝန်ဆောင်မှုလုပ်ငန်းဟာ မိမွေးတိုင်းဖမွေးတိုင်း ဘာမှမဝတ်စားဘဲ အိမ်၊ ရုံး စသည်တို့မှာ သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပါ။

တစ်နာရီကို (၄၅)ပေါင်အထိ ပေးချေပြီး၊ လုပ်သက်(၃)လ ရနေပြီဖြစ်တဲ့ အန်နာအတွက်တော့ ထင်မှတ်မထားဘဲ ဝင်ငွေခိုင်ခိုင်မာမာနဲ့ စုမိဆောင်းမိ၊ သုံးနိုင်စွဲနိုင်ဘဝကို ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အန်နာဟာ ပထမတုံးကတော့ အချိန်ပိုင်းဝင်ငွေအတွက် ဒီအလုပ်ကို ရွေးချယ်ခဲ့တာဆိုပေမယ့် အခုဆိုရင် ဒီအလုပ်က သူမအတွက် အဓိကအလုပ်တစ်ခု ဖြစ်နေပါပြီ။

အန်နာက သူမရဲ့ နာမည်အရင်းကိုတော့ ထုတ်ဖော်မပြောပါဘူး။ သူမဟာ Naturist Cleaners ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကနဦးစတင်ဆက်သွယ်စဉ်တုန်းက အနည်းငယ် ရှိုးတို့ရှန်းတန့် ဖြစ်နေပေမယ့် အားလုံးဟာ ပရော်ဖတ်ရှင်နယ်ပီသသူတွေဖြစ်တာကြောင့် သူမနဲ့အတူ အခြားလုပ်ဖော်ကိုင်ဘက်တွေလည်း ယုံကြည်မှုတွေ မြင့်မားလာတယ်လို့ ပြောပါတယ်။

Naturist Cleaners ဝန်ဆောင်မှုကုမ္ပဏီကို လုပ်ငန်းရှင် Laura Smith က (၂၀၁၇)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ သူကတော့ အလုပ်အပ်လိုသူတွေနဲ့ အလုပ်လုပ်လိုသူတွေကို တိုက်ရိုက်ချိတ်ဆက်ပေးသူ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ ရုံးခန်းတွေနဲ့ တစ်သီးပုဂ္ဂလငှားရမ်းသူတွေရှိလာကြောင့် အချိန်ပိုင်းအနေနဲ့ အဝတ်မဲ့သန့်ရှင်းရေးဝန်ဆောင်မှု လုပ်လိုသူတွေကို လက်ခံနေတယ်လို့ သိရပါတယ်။

လင်းသူရိန် (MyanmarNote)

source : mirror.co.uk

Leave a Comment