local celebrity

ကျေးဇူးရှိခဲ့တဲ့သူတွေကို သွားကန်တော့ရင်း သိန်းရာကျော် မုန့်ဖိုးရခဲ့တဲ့ ယုန်​​လေး

အဆိုပိုင်းမှာထူးချွန်ရုံသာမက အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့ပါ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးကတော့ ရိုးရှင်းပွင့်လင်းပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူ့ရဲ့အပြုအမူတွေကြောင့် လူချစ်လူခင်များသူတစ်ဦးပါ။

ဒါရိုက်တာတစ်ဦးအနေနဲ့လည်း ရုပ်ရှင်ကားကြီးတွေကို ကိုယ်တိုင်ပုံဖော်လေ့ရှိတဲ့ ယုန်လေးကတော့ လတ်တလောမှာ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို စိတ်ကြိုက်ဖန်တီးခွင့်ပေးခဲ့တဲ့ ကျေးဇူးရှိတဲ့သူတွေကို ကန်တော့ခဲ့တဲ့အကြောင်း

လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ယုန်လေးကတော့ လူကြီးတွေကို သွားကန်တော့ရင်း သိန်း ၁၀၀ စီ မုန့်ဖိုးရခဲ့တယ်လို့လည်း လူမှုကွန်ယက်မှာ ရေးသားထားပါသေးတယ်။

ယုန်လေးကတော့ ” Special 9 ကို လုပ်ချင်ရာ လုပ်ခွင့်ပေးခဲ့တဲ့ ကိုဖိုးဝ နဲ့ မမူ (Shwe Myanmar Film Production ) ORIGINAL GANGSTER 4 ကို စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးတဲ့ မစန္ဒာ ( Power King Film Production ) သွားကန်တော့ မုန့်ဖိုး သိန်း၁၀၀ စီရခဲ့ စောက်ရမ်းပျော် haa haa haaa ဒိုးမယ် နောက်လ PATTAYA လိုက်ချင်တဲ့သူလိုက်ခဲ့” ဆိုပြီး မုန့်ဖိုးတွေရလို့ Pattaya ကို နောက်လ အလည်သွားတော့မယ်လို့ ရေးသားထားတာပါ။

တစ်ယောက်ကို သိန်း ၁၀၀စီပေးတာဆိုတော့ ယုန်လေးတစ်ယောက် သိန်း ၂၀၀ တောင် မုန့်ဖိုးရတာပေါ့နော်

ယုန်လေးကတော့ အလုပ်ကို သေသေသပ်သပ်နဲ့ တိတိကျကျလုပ်တတ်တာကြောင့် လူကြီးတွေရဲ့ချစ်ခင်ခြင်းကို ခံရတာဆိုရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေရော ကျေးဇူးရှိသူတွေကို ကန်တော့ရင်း မုန့်ဖိုးတွေအများကြီးရခဲ့တဲ့ ယုန်လေးကို အားမကျကြဘူးလား?

credit – original

Leave a Comment